အစိုးရနည်းပညာအထက်တန်းကျောင်း(ပုသိမ်)သည် ၁၀.၄၇ ဧက ကျယ်၀န်ပြီး ဧရာ၀တီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ပုသိမ်မြို့၊ အမှတ်(၁၃)ရပ်ကွက်အတွင်း၊ အရှေ့ဘက်တွင် ပုသိမ်-ရန်ကုန် ကားလမ်းမကြီး၊ နှင့် အနောက်ဘက်တွင် ပုသိမ်-ကြံခင်း မီးရထားလမ်းအကြား တွင်တည်ရှိပါသည်။

စီမံဌာန

အဖွင့်အမှာစကား

အစိုးရနည်းပညာအထက်တန်းကျောင်း(ပုသိမ်)ကို ၂၀၀၉ ခုနှစ် ၊ မေလ(၅)ရက်နေ့တွင် အထက (၁)ပုသိမ်ကျောင်း၀န်းအတွင်းရှိစက်မှုအကြိုသက်ဆောင်နှင့်စံပယ်ဆောင်တို့တွင်စတင်ဖွင့်လှစ်ခဲ့ပါသည် ထို့နောက်၂၀၁၀ခုနှစ်ဧပြီလ(၂၂)ရက်နေ့တွင်ပုသိမ်ရန်ကုန်ကားလမ်းဘေးမိုင်တိုင်(၃)မိုင်အမှတ်(၁၃)ရပ်ကွက် လွန်ကန်တွင်ပြောင်းရွှေ့ဖွင့်လှစ်ခဲ့ပါသည်လူငယ်လူရွယ်များအတွက်အသက်မွေး၀မ်းကြောင်းပြုနိုင်သည့် အတတ်ပညာများလေ့ကျင့်သင်ကြားပေးလျှက်ရှိပြီးဒေသတွင်းစက်မှုပညာကျွမ်းကျင်သူလူ့စွမ်းအားအရင်း အမြစ်များလေ့ကျင့်မွေးထုတ် ပေးလျှက်ရှိပါသည်။

  ထို့အပြင် စီမံဌာနတွင် ရုံးလုပ်ငန်းများအား အချိန်နှင့်တပြေးညီ ပြုစု ခြင်း၊ တင်ပြခြင်း၊ ထိန်းသိမ်းခြင်း၊ မှတ်တမ်းထားခြင်း၊Update ပြုလုပ်ခြင်း၊ နှင့် ကျောင်းတွင်းကျောင်းပြင် သန့်ရှင်းရေး၊ လုံးခြုံမှုရှိစေရန် အထူးကြပ်မတ် ဆောင်ရွက်ထားရှိလျှက်ရှိပါသည်။

ရည်ရွယ်ချက်

  • ဘဏ္ဍာနှစ်အလိုက်အသုံးစရိတ်ရငွေပိုငွေလိုငွေများနှင့်ငွေစာရင်းနှင့်ပတ်သက်သောစာရင်းဇယား၊ မှတ်တမ်း များ ကောင်းမွန်စွာ ထိန်းသိမ်းဆောင်ရွက်တက်စေရန်။
  • ဝန်ထမ်းလချုပ်၊ဝန်ထမ်းကိုယ်ရေးမှတ်တမ်းဖိုင်၊ရုံတွင်းရုံးပြင်စာများစနစ်တကျပြုစုထိန်းသိမ်း
  • ခြင်း၊၊၀န်ထမ်းဆိုင်ရာအချက်အလက်များမှန်ကန်စေရန်စာရင်းပြုစုခြင်းဉီးစီးဌာနမှတောင်းသောစာရင်းများကို အချိန်မီပေးပို့နိုင်ရန်ဆောင်ရွက်ခြင်းနှင့်ဝန်ထမ်းဆိုင်ရာကိစ္စအ၀၀ကိုဆောင်ရွက်တတ်စေရန်။
  • ပညာသင်နှစ်လိုက်ကျောင်းသား/သူများ၏ကိုယ်ရေးအချက်အလက်များကိုစနစ်တကျထိန်းသိမ်းထားရှိခြင်း၊လစဉ်လချုပ်များဆောင်ရွက်ခြင်း၊အောင်စာရင်းကိစ္စများဆောင်ရွက်ခြင်း၊ကျောင်းသားရေးရာဌာန နှင့် ပတ်သက်သော ကိစ္စအဝဝကိုဆောင်ရွက်တတ်စေရန်။
  • ကျောင်းပတ်ဝန်းကျင်စိမ်းလန်းစိုပြေသန့်ရှင်းစေရန် နှင့် လုံခြုံမှုရှိစေရန်။

ဆောင်ရွက်လျက်ရှိသောဌာနခွဲများ

စီမံဌာနတွင်ကျောင်းအုပ်ကြီးနှင့်ဒုကျောင်းအုပ်ကြီးအပါအဝင်ဌာနခွဲ(၄)ခုတာ၀န်ထမ်းဆောင်လျက်ရှိပါသည်။

(၁) ငွေစာရင်းဌာန

(၂) ၀န်ထမ်းရေးရာ

(၃) ကျေင်းသားရေးရာဌာန

အလုပ်အကိုင်အခွင့်အလမ်းများ

  • စာမေးပွဲအောင်မြင်သူများအားGTHSတွင်စက်မှုကျွမ်းကျင်၅ရာထူးဖြင့်လက်တွေ့ဆရာ၊မများ အဖြင့် ပြန်လည်လျှောက်ထားနိုင်ပါသည်။
  • ပညာသင်နှစ်အလိုက်မွေးထုတ်ပြီးကျောင်းသား/ကျောင်းသူများအားလုပ်ငန်းခွင်ဝင်ရောက်နိုင်ရန်စက်ရုံ၊အလုပ်ရုံWorkshopများတွင်ဝင်ရောက်နိုင်ရန်ဆောင်ရွက်ပေးလျှက်ရှိပါသည်။
  • ကျေးလက်နှင့်မြို့ကြားအတတ်ပညာအသိပညာများကွာဟမှုမရှိစေရေးအတွက်လည်း အဓိကထားဆောင်ရွက်လျှက်ရှိပါသည်။
  • ကျေးလက်နေပြည်သူများအတွက်လည်းလက်တွေ့လုပ်ငန်းခွင်ဝင်ရောက်နိုင်ရန်အတွက် ထိရောက်သောကာလတိုသင်တန်းများကိုလည်း ဖွင့်လှစ်ဆောင်ရွက်ပေးလျှက်ရှိပါသည်။

ခေတ်အဆက်ဆက်တာဝန်ထမ်းဆောင်ခဲ့ဖူးသောကျောင်းအုပ်ကြီးများ

စဉ်အမည်ပညာအရည်အချင်းတာဝန်ထမ်းဆောင်ခဲ့သောကာလ
ဦးမင်းမင်းအောင်ME(EP)၅.၅.၂၀၀၉ မှ ၂၁.၂.၂၀၁၀ထိ
ဦးအောင်ထိုက်သူME(EP)၂၅.၂.၂၀၁၀ မှ ၂၄.၅.၂၀၁၈ထိ
ဦးအေးမင်းထွန်းME(EP)၄.၆.၂၀၁၈ မှ ယနေ့ထိ

ကျောင်းအုပ်ကြီး၏အဖွင့်အမှာစကား

အစိုးရနည်းပညာအထက်တန်းကျောင်း(ပုသိမ်)ကို ၂၀၀၉ ခုနှစ် ၊ မေလ(၅)ရက်နေ့တွင် အထက (၁) ၊ ပုသိမ် ကျောင်း၀န်း အတွင်းရှိ စက်မှု အကြိုသက်ဆောင်နှင့် စံပယ်ဆောင်တို့တွင် စတင်ဖွင့်လှစ်ခဲ့ပါသည်။ ထို့နောက် ၂၀၁၀ ခုနှစ်၊ ဧပြီလ(၂၂)ရက်နေ့တွင် ပုသိမ်-ရန်ကုန် ကားလမ်းဘေးမိုင်တိုင်(၃)မိုင်၊ အမှတ်(၁၃) ရပ်ကွက် လွန်ကန်တွင် ပြောင်းရွှေ့ ဖွင့်လှစ်ခဲ့ပါသည်။ လူငယ်လူရွယ်များအတွက် အသက်မွေး၀မ်းကြောင်း ပြုနိုင်သည့် အတတ်ပညာများ လေ့ကျင့်သင်ကြား ပေးလျှက်ရှိပြီး၊ ဒေသတွင်းစက်မှုပညာကျွမ်းကျင်သူ လူ့စွမ်းအား အရင်းအမြစ်များ လေ့ကျင့်မွေးထုတ် ပေးလျှက်ရှိပါသည်။

အစိုးရနည်းပညာအထက်တန်းကျောင်း(ပုသိမ်)တွင် ၊ အဆောက်အဉီးနည်းပညာသင်တန်း၊ အီလက်ထရောနစ်နည်းပညာသင်တန်း ၊ လျှပ်စစ်နည်းပညာသင်တန်း ၊ မော်တော်ယာဉ်သင်တန်း နှင့် စက်ပစ္စည်းအစိတ်အပိုင်းထုတ်လုပ်ခြင်းနည်းပညာသင်တန်း စသည့် ပုံမှန်(၂) နှစ်သင်တန်းများကိုလည်း ဖွင့်လှစ်သင်ကြားပေးလျှက်ရှိပါသည်။ ဒုတိယနှစ်စာမေးပွဲအထူးအောင်မြင်သူများသည် AGTI သို့ ပေါင်းကူးတက်ရောက်နိုင်ပြီး ၊ ရိုးရိုးအောင်မြင်သူများအား GTHS တွင် စက်မှုကျွမ်းကျင်-၅ ရာထူးဖြင့် လက်တွေ့ဆရာ၊မ များ အဖြင့် ပြန်လည်လျှောက်ထားနိုင်ပါသည်။ ထို့အပြင် GTHS အောင်လက်မှတ်ရ သင်တန်းဆင်းပြီးသူများအတွက် လုပ်ငန်းခွင်ဝင်ရောက်နိုင်ရန် ဒေသတွင်း စက်ရုံ၊ အလုပ်ရုံ ၊ အလုပ်ဌာနများနှင့် ပူးပေါင်း၍ အလုပ်အကိုင်၊ အခွင့်အလမ်းများ ဖော်ထုတ်ပေးခြင်းဖြင့် ဆောင်ရွက်ပေး လျှက်ရှိပါသည်။

ထို့ပြင် အစိုးရနည်းပညာအထက်တန်းကျောင်း(ပုသိမ်)တွင် ကျေးလက်နေပြည်သူများ အတွက် လည်း လက်တွေ့လုပ်ငန်းခွင် ဝင်ရောက်နိုင်ရန် အတွက်ထိရောက်သော ကာလတိုသင်တန်းများကိုလည်း ဖွင့်လှစ်ဆောင်ရွက်ပေး လျက်ရှိပါသည်။

 

  • အိမ်တွင်းလျှပ်စစ်သွယ်တန်းခြင်း သင်တန်း
  • မော်တော်ဆိုင်ကယ် စက်ပြင်သင်တန်း
  • ဂဟေဆက် သင်တန်း
  • သံချည် သံကွေးသင်တန်း
  • လက်သမား သင်တန်း
  • ပန်းရံသင်တန်း
  • ဒီဇယ် တစ်လုံးထိုး စက်ပြင်သင်တန်း
  • လယ်ယာသုံးစက်ပြင်သင်တန်း
  • အခြေခံကွန်ပျူတာသင်တန်း

စသည့် ဒေသတွင်းကျွမ်းကျင်လုပ်သား များ ပေါ်ထွက်လာစေရန်နှင့် လုပ်သားလိုအပ်ချက်များ ဖြည့်ဆည်းပေးနိုင်ရန် ရည်ရွယ်၍ ကာလတိုသင်တန်းများကို စဉ်ဆက်မပြတ် ဖွင့်လှစ်ပေးခဲ့ပါသည်။

အစိုးရနည်းပညာအထက်တန်းကျောင်း(ပုသိမ်)၏ ဝက်(ဘ်)ဆိုဒ်(Website) သည် ကျောင်းနှင့်ပါတ်သက်သော အချက်အလက်များ၊ သင်တန်းဆိုင်ရာကိစ္စရပ်များနှင့်၊ ကျောင်း၏လှုပ်ရှားမှုများကို အချိန်နှင့်တပြေးညီ သိရှိနိုင်စေရန် လွှင့်တင်ထားသော ဝက်(ဘ်)ဆိုဒ်(Website) တစ်ခုဖြစ်ပါသည်။ နည်းပညာအထက်တန်း ကျောင်းများသည် လူသားတို့၏ရပ်ဝန်းတွင် အခရာအကျဆုံးဖြစ်သော အသက်မွေးဝမ်းကျောင်းပညာရပ်များကို လေ့လာဆည်းပူး သင်ယူနိုင်စေရန် တည်ထောင်ဖွင့်လှစ်ထားသည်နှင့်အညီ လူမှုပါတ်ဝန်းကျင်၏ အခြေခံ လိုအပ်ချက်များဖြစ်သော အဆောက်အဦ၊ လျှပ်စစ်နှင့် စက်မှုပိုင်းဆိုင်ရာ ဘာသာရပ်များကို သင်ကြားပို့ချလျက် ရှိပါသည်။ “သက်မွေးပညာ ကိုယ်စီပါ” ဟူသော ကျောင်း၏ဆောင်ပုဒ်နှင့်အညီ ခေတ်နှင့်လျော်ညီသော ကာလတို သက်မွေးပညာသင်တန်းများကိုလည်း ဒေသဆိုင်ရာ အဖွဲ့အစည်းများနှင့်ပူးပေါင်း၍ အခါအားလျော်စွာ ဖွင့်လှစ်ပို့ ချလျက်ရှိပါသည်။ မျက်မှောက်ခေတ်၏ဖွင့်ဖြိုးတိုးတက်မှုနှင့်အတူ လူသားတို့၏ အသက်မွေးဝမ်းကျောင်းဆိုင်ရာ အခြေခံကျွမ်းကျင်မှုလိုအပ်ချက်များလည်း  ပိုမိုများပြားလာရာ အစိုးရနည်းပညာအထက်တန်းကျောင်း(ပုသိမ်) အနေဖြင့် တစ်ထောင့်တစ်နေရာမှ ပါဝင်အားဖြည့်လျက်ရှိကြောင်း ပြောကြားလိုပါသည်။


ကျောင်းစတင်ဖွင့်လှစ်ခဲ့သောရက်စွဲနှင့်ကျောင်းသမိုင်းအကျဉ်း

ကျောင်းစတင်ဖွင့်လှစ်သော ရက်စွဲနှင့် ကျောင်း သမိုင်း အကျဉ်း: 

အစိုးရနည်းပညာအထက်တန်းကျောင်း(ပုသိမ်)ကို ၂၀၀၉ ခုနှစ်၊ မေလ (၅)ရက်နေ့ တွင် အထက(၁)၊ ပုသိမ် ကျောင်း၀န်းအတွင်းရှိ စက်မှုကြိုသက်ဆောင်နှင့် စံပယ်ဆောင် တို့တွင် စတင်ဖွင့်လှစ်ခဲ့ပါသည်။ ခေတ္တကျောင်းအုပ်ကြီးအဖြစ် ဦးမင်းမင်းအောင်၊ B.E(EP) မှ တာဝန်ယူ ဆောင်ရွက်ပြီး၊ ၂၀၁၀ခုနှစ် ဧပြီလ ၂၂ရက်နေ့မှစတင်၍လက်ရှိနေရာဖြစ်သောအမှတ်(၁၃)ရပ်ကွက်၊သို့ပြောင်းရွှေ့ဖွင့်လှစ်ခဲ့ပါသည်။ ကျောင်းအုပ်ကြီးအဖြစ်ဦးအောင်ထိုက်သူ၊ဒုတိယညွှန်ကြားရေးမှူး၊M.E(EP)မှတာ၀န်ယူဆောင်ရွက်ခဲ့ပြီးယခုတွင်ကျောင်းအုပ်ကြီးအဖြစ်ဦးအေးမင်းထွန်းညွှန်ကြားရေးမှူး၊M.E(EP)မှတာ၀န်ယူဆောင်ရွက်လျက်ရှိပါသည်။



CATEGORY

ဌာနများ

Occaecati, et wisi, expedita nascetur nostrum aenean felis platea earum luctus molestie, natus cras? Ullamcorper, voluptas cillum, egestas bibendum nato.

အဆောက်အဉီနည်းပညာဌာန

အီလက်ထရောနစ်နည်းပညာဌာန

လျှပ်စစ်နည်းပညာဌာန

မော်တော်ယာဉ်နည်းပညာဌာန

စက်ပစ္စည်းအစိတ်အပိုင်းများထုတ်လုပ်ခြင်းနည်းပညာဌာန

စာပေဌာန

သုတနည်းပညာဌာန

ကျောင်းသားရေးရာဌာန

ဝန်ထမ်းရေးရာဌာန

ငွေစာရင်းဌာန


PHOTO NEWS

PHOTO NEWS

Teaching Departments


Administrative Departments


Student Affairs



TOP FACILITY

Our Facility

Occaecati, et wisi, expedita nascetur nostrum aenean felis platea earum luctus molestie, natus cras? Ullamcorper, voluptas cillum, egestas bibendum nato.

01

01

Campus Library

Vulputate in, incidunt praesentium diam excepturi voluptate? Sit quidem fermentum, dicta, porta.

01

04

Student Lab

Vulputate in, incidunt praesentium diam excepturi voluptate? Sit quidem fermentum, dicta, porta.

02

02

Campus e-Library

Vulputate in, incidunt praesentium diam excepturi voluptate? Sit quidem fermentum, dicta, porta.

02

05

Student Hostel

Vulputate in, incidunt praesentium diam excepturi voluptate? Sit quidem fermentum, dicta, porta.

03

03

Campus Wifi

Vulputate in, incidunt praesentium diam excepturi voluptate? Sit quidem fermentum, dicta, porta.

03

06

Sport Stadium

Vulputate in, incidunt praesentium diam excepturi voluptate? Sit quidem fermentum, dicta, porta.

20K+

Active Students

60+

Faculty Courses

135K

Our Department

45K

Degree Offer


CALL TO ACTION

Limitless Learning, Limitless Possibilities

Occaecati, et wisi, expedita nascetur nostrum aenean felis platea earum luctus molestie, natus cras? Ullamcorper, voluptas cillum, egestas bibendum nato.

premium bootstrap themes

Contact Information

No(13) Quarter, Lonkan Quarter, Pathein Township. Ayeyarwady Division

09-258396881

gthsptn@dtve.org