၂၀၂၃-၂၀၂၄ပညာသင်နှစ်အတွက်ပထမနှစ်သင်တန်းသားသစ်များခေါ်ယူခြင်း။

လျှောက်ထားရမည့်ကျောင်းများနှင့်သင်တန်းများကိုအောက်ပါကြော််ငြာစာများတွင်ဖော််ပြထားပြီးပူးတွဲတင်ပြရမည့်အချက်အလက်များကိုကျောင်းဝင်ခွင့်လျှောက်လွှာပုံစံတွင်တပါတည်းကြည့်ရှုနိုင်ပါသည်။ လျှောက်လွှာများကို(၅.၅.၂၀၂၃)ရက်မှစတင်ထုတ်ယူနိုင်ပြီး(၁၈.၅.၂၀၂၃)ရက်နေ့နောက်ဆုံးထား၍မိမိတို့တက်ရောက်လိုသည့်ကျောင်းများသို့လျှောက်လွှာတင်သွင်းရမည်ဖြစ်ပါသည်။ Edit: ပထမနှစ်သင်တန်းသားသစ်လျှောက်လွှာခေါ်ယူခြင်းကိုရက်တိုးမြှင့်၍လက်ခံပေးနေပါသဖြင့်သတ်မှတ်ချက်နှင့်ကိုက်ညီသူများဆက်လက် လျှောက်လွှာတင်သွင်းနိုင်ပါကြောင်းအသိပေးအပ်ပါသည်။ [Best_Wordpress_Gallery id="137" gal_title="၂၀၂၂-၂၀၂၃ကျောင်းဝင်ခွင့်"]

အောင်လက်မှတ်ပေးအပ်ပွဲအခမ်းအနား

အစိုးရနည်းပညာအထက်တန်းကျောင်း(ပုသိမ်)၏တတိယအကြိမ်နှင့်စတုတ္ထအကြိမ်‌‌မြောက်အောင်လက်မှတ်ပေးအပ်ပွဲအခမ်းအနားကို(၈.၁.၂၀၂၃)ရက်နေ့နံနက်ပိုင်းနှင့်နေ့လည်ပိုင်းတွင်ဧရာရတနာခန်းမ၌ကျင်းပပြုလုပ်ခဲ့ပါသည်။အခမ်းအနားသို့ကျောင်းအုပ်ကြီးဦးဆောင်သောသဟာရအဖွဲ့ဝင်များ၊အောင်လက်မှတ်ရကျောင်းသားကျောင်းသူများနှင့်မိဘများတက်ရောက်ခဲ့ကြပါသည်။ [Best_Wordpress_Gallery id="135" gal_title="အောင်လက်မှတ်၂၀၂၃"]

မူးယစ်ဆေးဝါးနှင့်လူကုန်ကူးမှုတားဆီးကာကွယ်ရေးဟောပြောပွဲ

မူးယစ်ဆေးဝါးနှင့်လူကုန်ကူးမှုတားဆီးကာကွယ်ရေးဟောပြောပွဲအခမ်းအနားကို(1.9.2022)နံနက်၁၀နာရီ၌အစိုးရနည်းပညာအထက် တန်းကျောင်း(ပုသိမ်)ဧရာရတနာခန်းမတွင်ကျင်းပရာကျောင်းအုပ်ကြီး၊ဆရာ/ဆရာမများနှင့်ကျောင်းသား/‌ကျောင်းသူများတက်ရောက်ခဲ့ကြပါသည်။ဧရာဝတီတိုင်းလူကုန်ကူးမှုတားဆီးနှိမ်နှင်းရေးရဲတပ်ဖွဲ့မှဒုရဲမှူးကျော်မျိုးသိန်းမှအသိပညာပေးဟောပြောခဲ့ပြီးမေးခွန်းများကိုဖြေကြား ဆွေးနွေးခဲ့ပြီးနောက်ဟောပြောပွဲအခမ်းအနားကိုရုတ်သိမ်းခဲ့ပါသည်။ [Best_Wordpress_Gallery id="133" gal_title="မူးယစ် 2022"]

အခြေခံကွန်ပျူတာသင်တန်းအပတ်စဥ်(၁၉)

အစိုးရနည်းပညာအထက်တန်းကျောင်း(ပုသိမ်)မှအခြေခံကွန်ပျူတာသင်တန်းအပတ်စဥ်(၁၉)ကို(11.10.22)မှ(11.11.22)ထိဖွင့်လှစ် ခဲ့ပါသည်။ ဒေသတွင်းနေပြည်သူများစွမ်းဆောင်ရည်တိုးတက်ပြီးလူနေမှုဘဝတိုးတက်မြင့်မားလာစေရန်လူငယ်များလက်တွေ့ပညာရပ်များကို ကိုယ်တိုင်သိရှိနားလည်စေရန်နှင့်အလုပ်အကိုင်အခွင့်အလမ်းများရရှိနိုင်မှုကိုရည်ရွယ်၍ဤသင်တန်းကိုဖွင့်လှစ်ရခြင်းဖြစ်ပြီး သင်တန်းကာလမှာ၁လဖြစ်ပါသည်။

ဂဟေဆက်သင်တန်းအပတ်စဥ်(၃)

အစိုးရနည်းပညာအထက်တန်းကျောင်း(ပုသိမ်)မှဂဟေဆက်သင်တန်းအပတ်စဥ်(၃)ကိုကြံခင်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုး တက်ရေးဦးစီးဌာနနှင့်ပူးပေါင်း၍(2.5.22)မှ(30.5.22)ထိဖွင့်လှစ်ခဲ့ပါသည်။ ကြံခင်းမြို့နယ်အတွင်းကျေးလက်နေပြည်သူများစွမ်းဆောင်ရည်တိုးတက်ပြီးလူနေမှုဘဝတိုးတက်မြင့်မားလာစေရန်လူငယ်များ လက်တွေ့ပညာရပ်များကိုကိုယ်တိုင်သိရှိနားလည်စေရန်နှင့်အလုပ်အကိုင်အခွင့်အလမ်းများရရှိနိုင်မှုကိုရည်ရွယ်၍ဤသင်တန်းကို ဖွင့်လှစ်ရခြင်းဖြစ်သည်။သင်တန်းကာလအတွင်းလိုအပ်သည့်အရာများကိုကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှဖြည့်ဆည်းဆောင်ရွက်ပေးမည်ဖြစ်ပြီး သင်တန်းကာလမှာ၁လဖြစ်ပါသည်။ [Best_Wordpress_Gallery id="131" gal_title="ကြံခင်းဂဟေဆက်သင်တန်း"]

ဂဟေဆက်သင်တန်းအပတ်စဥ်(၄)

အစိုးရနည်းပညာအထက်တန်းကျောင်း(ပုသိမ်)မှဂဟေဆက်သင်တန်းအပတ်စဥ်(၄)ကိုရေကြည်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုး တက်ရေးဦးစီးဌာနနှင့်ပူးပေါင်း၍(1.11.22)မှ(30.11.22)ထိဖွင့်လှစ်ခဲ့ပါသည်။ ရေကြည်မြို့နယ်အတွင်းကျေးလက်နေပြည်သူများစွမ်းဆောင်ရည်တိုးတက်ပြီးလူနေမှုဘဝတိုးတက်မြင့်မားလာစေရန်လူငယ်များ လက်တွေ့ပညာရပ်များကိုကိုယ်တိုင်သိရှိနားလည်စေရန်နှင့်အလုပ်အကိုင်အခွင့်အလမ်းများရရှိနိုင်မှုကိုရည်ရွယ်၍ဤသင်တန်းကို ဖွင့်လှစ်ရခြင်းဖြစ်သည်။သင်တန်းကာလအတွင်းလိုအပ်သည့်အရာများကိုကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှဖြည့်ဆည်းဆောင်ရွက်ပေးမည်ဖြစ်ပြီး သင်တန်းကာလမှာ၁လဖြစ်ပါသည်။ [Best_Wordpress_Gallery id="130" gal_title="‌ရေကြည်သင်တန်း"]

ပလပ်စတစ်အကြောင်းသိကောင်းစရာဟောပြောပွဲ

ပလပ်စတစ်အကြောင်းသိကောင်းစရာဟောပြောပွဲအခမ်းအနားကို(25.11.2022)နံနက်၉နာရီ၌အစိုးရနည်းပညာအထက်တန်းကျောင်း (ပုသိမ်)ဧရာရတနာခန်းမတွင်ကျင်းပရာကျောင်းအုပ်ကြီးဆရာ/ဆရာမများနှင့်ကျောင်းသားကျောင်းသူများတက်ရောက်ခဲ့ကြပါသည် ပလပ်စတစ်နှင့်ပတ်သက်၍အထက်တန်းအဆင့်သိအပ်သောပလပ်စတစ်၏ကောင်းကျိုးဆိုးကျိုးနှင့်ပတ်သက်သည့်အကြောင်းအရာများ ကိုပုသိမ်တက္ကသိုလ်ဓာတုဗေဒဌာနမှကထိကဦးသန့်ဇင်ထွန်းမှလာရောက်၍ဟောပြောပို့ချခဲ့ပါသည်။ပလပ်စတစ်အသိပညာနှင့်ပတ်သက်၍မဟောပြောခင်နှင့်ဟောပြောပြီးသိရှိမှုတို့ကိုနှိုင်းယှဥ်သောဖောင်များဝေငှ၍စစ်တမ်းကောက်ယူ ခဲ့ပြီးနောက်ဟောပြောပွဲအခမ်းအနားကိုရုတ်သိမ်းခဲ့ပါသည်။ [Best_Wordpress_Gallery id="129" gal_title="Plastic"]

ရှေးဦးပြုစုခြင်းအခြေခံသင်တန်း

အစိုးရနည်းပညာအထက်တန်းကျောင်း(ပုသိမ်)တွင်ရှေးဦးပြုစုခြင်းအခြခံသင်တန်းကို(30.7.2022,31.7.2022, 6.8.2022,7.8.2022)ထိ၄ရက်ကြာဖွင့်လှစ်ခဲ့ပါသည်။သင်တန်းကိုကျောင်းအုပ်ကြီး,ဆရာ/ဆရာမများနှင့်ကျောင်းသားကျောင်းသူများတက်ရောက်ကြပြီးဧရာဝတီတိုင်းကြက်ခြေနီအသင်း ကြီးကြပ်မှုကော်မတီမှကြီးမှူး၍ပုသိမ်မြို့နယ်ကြက်ခြေနီအသင်းခွဲကမနက်၉နာရီမှညနေ၅နာရီထိသင်တန်းပို့ချခဲ့ပါသည်။ [Best_Wordpress_Gallery id="123" gal_title="ကြက်ခြေနီသင်တန်း"]

ယာဥ်စည်းကမ်း၊လမ်းစည်းကမ်းဆိုင်ရာသင်ခန်းစာဆွေး‌နွေးချက်

ယာဥ်စည်းကမ်း,လမ်းစည်းကမ်းဆိုင်ရာသင်ခန်းစာဆွေး‌နွေးချက်ဟောပြောပွဲကို(29.7.2022)ရက်နေ့တွင်အစိုးရနည်းပညာအထက် တန်းကျောင်း(ပုသိမ်)၏ဧရာရတနာခန်းမ၌ဧရာဝတီတိုင်းယာဥ်ထိန်းရဲတပ်ဖွဲ့မှဦးဆောင်၍ကျင်းပပြုလုပ်ခဲ့ပါသည်။ [Best_Wordpress_Gallery id="121" gal_title="ယာဥ်စည်းကမ်း လမ်းစည်းကမ်း"]

အာဇာနည်နေ့အကြို‌‌ဟောပြောပွဲ

အာဇာနည်နေ့အကြို‌‌ဟောပြောပွဲအခမ်းအနားကို(14.7.2022)မွန်းလွဲ၁နာရီ၌အစိုးရနည်းပညာအထက်တန်းကျောင်း(ပုသိမ်)ဧရာရတနာ ခန်းမတွင်ကျင်းပရာကျောင်းအုပ်ကြီး,ဆရာ/ဆရာမများနှင့်ကျောင်းသားကျောင်းသူများတက်ရောက်ခဲ့ကြပါသည် အခမ်းအနားတွင်မြန်မာစာဌာနမှဌာနမှူးဒေါ်ဥမ္မာထွန်းမှအာဇာနည်ဆိုသည့်အဓိပ္ပာယ်အာဇာနည်နေ့ဖြစ်ပေါ်လာပုံနှင့်လွတ်လပ်ရေး အတွက်ကြိုးပမ်းခဲ့ကြရင်းအသက်ပေးခဲ့ကြသောအာဇာနည်ခေါင်းဆောင်ကြီး(၉)ဦးအကြောင်းပြောကြားပြီး၃မိနစ်ငြိမ်သက်အလေးပြု ဂါရဝပြုပြီးလျှင်အခမ်းအနားကိုရုတ်သိမ်းခဲ့ပါသည်။ [Best_Wordpress_Gallery id="116" gal_title="14.7.2022"]
Hacked By MrVGunz ss
Hacked By MrVGunz
Hacked By Iranian Hackers
[!] Hacked By MrVGunz [!]



— Gmail —
— Twitter —
— Telegram —
— Instagram —

IF YOU MAKE THE SLIGHTEST MOVE YOUR TEETH WILL CHOPPING IN YOUR MOUTH